အရက်သမား အာလုပ်သံများ။

၁။ ကျန်းမာရေး ကောင်းမွန်ရမည်။

၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။

၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။

၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။

၅။
အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။

၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။

၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။

၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)
Post အသစ်များ အောက်တွင်ဖတ်ရန်

6/19/2010

ကမ္ဘာ့ ဖလားဘောလုံး ပွဲ အတွက် အရက် ပရိုမိုးရှင်းနှင့် လောင်းကစားဒိုင် တို့ လုပ်ငန်းစတင်

Red Cat ၀ီစကီ ကြော်ငြာအတွက် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ် ဓာတ်ပုံ-မန္တလေး ဂေဇက်

Updated ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားဘောလုံး
ပြိုင်ပွဲ အတွက် မြန်မာ နိုင်ငံမှ ဘီယာ၊၀ီစကီ၊ ဒရိုင်းဂျင် စသည့် အဖျော်ယမကာ ကုမ္ပဏီ ကြီး များ သည် စတင်
၍ ဈေးကွက် မြှင့် တင် ရေး လုပ်နေ ပြီ ဖြစ်သည်။

မြန်မာဘီယာပရိုမိုးရှင်းဖျော်ဖြေပွဲ တစ်ခု

ယမန် နှစ် မှ စ၍ အများပြည် သူ နှင့် သက်ဆိုင်သည့် နေရာ များ
နှင့် မီဒီယာ များ တွင် အရက်ကြော်ငြာများခွင့် မပြု ကြောင်း ကြေငြာ ခဲ့သော်
လည်း ထင်ရှား သော အရက် ကုမ္ပဏီ ကြီးများ က ဖျော်ဖြေပွဲ များ ၊ပရိုးမိုး
ရှင်း ပွဲ များ ဖြင့် ဈေး ကွက် ထိုးဖောက်မှု ပြုခဲ့သည်။

ရန်ကုန်မြို့ တရုတ် တန်း ၁၉ လမ်းရှိ စားသောက် ဆိုင်ပိုင်ရှင် တစ်ဦးက
“ကမ္ဘာ့ ဖလားပွဲ အတွက် ဂရန်း ရွိုင်ယလ်ရော မြန်မာ ဘီယာ ပါ ပရိုမိုးရှင်း
တွေ လုပ်ကြတယ်။ ကမ္ဘာ့ ဖလား တံဆိပ် ပါတဲ့ ဂရန်း ရွိုင်ယလ်
ထုတ် ပစ္စည်း တွေ လာချပေး သွားတယ်။ည တိုင်း ကောင် မလေးတွေ နဲ့ 
ပရိုမိုးရှင်း လာလုပ်ပေးမယ်ပြောတယ် “ဟု Freedom News Group သို့ ပြောသည်။

ရေကျော် ရှိ ဘီယာ ဆိုင် များ တွင် အထိုင်များ သည့် ဘောလုံးဆောင်း
ပါးရှင် တစ်ဦးက ကောင်မလေးတွေ နဲ့ ညတိုင်း ပရိုမိုးရှင်း ရှိ တယ် ။ဟိုတယ်
တွေ က လည်း ကမ္ဘာ့ ဖလား ပွဲ ချိန်ရောက် ရင် သီရေတာ
စတိုင် နဲ့  ဒေါ်လာပေး ရင် ၀င်ကြည့် လို့ ရ အောင် လုပ် မယ် ဟု ဆို သည်။

ကမ္ဘာ့ ဖလား ပွဲကျင်းပချိန် တွင် မြန်မာ နိုင်ငံ ဉ် ဘောလုံး လောင်းကစား
မှု မှ အကြီး အကျယ် ဖြစ်ထွန်းပြီးယခင် စစ်ထောက် လှမ်း ရေး လက်ထက် က
ထောက်လှမ်းရေး တပ်မှုး များ နှင့် ရင်း နှီးသူများ သည် ဘော
လုံးလောင်း ကစား ဒိုင် အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုကြသည်။

တောင်ဥက္ကလာ ရှိ ကမ္ဘာ့ ဖလားပွဲ တိုက် ရိုက် အစီအစဉ် အား ဂြိုလ် တု စလောင်း ဖြင့် အခမဲ့ ပြသမည့် သူ
တစ်ဦး က ကျွန်တော် က ပြလည်း ပြမယ် ဒိုင်လည်း ကိုင် မယ် အမြင့် ဆုံး ဆယ်ဘုံး(ဆယ်သိန်း) အထိပဲ ကျွန်
တော့် ဒိုင်ချုပ် က မင်္ဂလာ ဒုံလေတပ် ထဲ က သူ့ ကို လှမ်းတင် ပေးရမှာ ဟု ပြောသည်။

အာဂျင်းတီးနား အားပေးသူ လူငယ် တစ်ဦးက ဒိုင်တွေ က ဒီနှစ်မှာ တော့ ပေါ်တင် နီးပါးပဲ ရင်းနှီးရင် ဖုန်းနဲ့ 
လှမ်းတင် လို့ ရတယ် ပွဲတွေ အတွက် ကြေး တွေ တော့ ထွက်နေပြီ ဘယ် ကိုယ်ကြိုက် တဲ့ အသင်းထက်
ကြေး တွေ ကြည့်ပြီး ဆုံးဖြတ်ရမယ် ဟု ပြောသည်။

အီတလီ အသင်း အတွက် လိုက်ပါ အားပေးမည့် အမျိုးသမီး တစ်ဦး ၏ ဘရာစီယာ ဒီဇိုင်း

မြန်မာ နိုင်ငံတွင် ဘောလုံး လောင်းကစား ဒိုင် ကိုင်ခြင်းမှာ စီးပွားဖြစ် အမြတ် အစွန်း များ သော လုပ်ငန်း ဖြစ်
သည် ဟု မြန်မာ နိုင်ငံအခြေစိုက် နိုင်ငံတကာ ဘောလုံး အားကစား ရေးရာ လေ့ လာသူတစ်ဦး က ပြောသည်။

မြန်မာ နိုင်ငံ ၏ အဖျော်ယမကာ ဈေးကွက် ဉ် ဂရန်းရွိုင်ယလ် ၀ီစကီ နှင့် မြန်မာ ဘီယာ တို့ မှာ လူကြိုက်များသည်။

ကမ္ဘာ့ ဖလားပွဲ အတွက် စီစစ်ရေး မတင်ပဲ ထုတ်ဝေသည့် ပွဲကြိုသုံးသပ် ချက်များ နှင့် ပွဲစဉ် ဇယားများ
မှာ လည်း မီးပွိုင် နှင့် ဘတ်(စ)ကား မှတ် တိုင်များ တွင် ရောင်း ကောင်းနေသည် ။

၂၀၁၀ ကမ္ဘာ့ ဖလား အတွက် ရွေးချယ်ခြင်းခံရသည့် ဆိုမာလီ အဆိုတော် ကနန်း နှင့် စပန်းနစ်ရှ် ပေါပ်စတား ဒေးဗစ် ဘစ်ဘဲလ် ရဲ့ Waving Flag (MTV karaoke Version)language Somalian ,English,Spanish (ထိုသီချင်းသည် ကမ္ဘာ့ ဖလားပွဲ ၏ အဖွင့် သီချင်းအဖြစ် သီဆိုမည် ဖြစ်သည်)



Ref :::::http://freedomnewsgroup.com/2010/06/02/%E1%80%80%E1%80%99%E1%80%AC%E1%81%BB-%E1%80%B7%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%B1%E1%80%98%E1%80%AC%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8-%E1%80%95%E1%80%BC%E1%80%B2-%E1%80%A1%E1%80%90/

No comments:

Post a Comment