အရက်သမား အာလုပ်သံများ။

၁။ ကျန်းမာရေး ကောင်းမွန်ရမည်။

၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။

၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။

၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။

၅။
အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။

၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။

၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။

၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)
Post အသစ်များ အောက်တွင်ဖတ်ရန်

12/21/2009

စိတ်ညစ်လို့ စိတ်ကိုကုစား

မမျော်လင့်ပဲဗျာ သောက်လိုက်တာ တစ်နေကုန်တစ်နေခန်း မိုးလင်ခါနီးပဲ အိမ်ဘယ်လို ပြန်ရောက်လာတာလဲ ဘယ်လို အိပ်ပျော်သွားမှန်းလဲမသိဘူး မိုးလင်းတော့ လူက ဖျားပီး တုတ်ကွေးလား ငှက်ဖျားလား ဖြစ်သွားတယ် မနည်းခံစားလိုက်ရတယ် ခေါင်းထိုး အဖျားတွေတက် စားလို့လဲမရ အိပ်လို့မရ လူဟာမျော်နေတယ် တော်သေးတယ် မသေလို့ အားငယ်ရင် အမေ့ရဲ့နွေးထွေးမှုကိုတမ်းတမိခဲ့တယ် သားလူလေး မှာပီး အမေရယ် သားကိုခွင့်လွတ်ပါဗျာ အမေ မှာခဲ့မိတဲ့စကားလေးတွေ ကျွန်တော်ဘာကြောင့် ဒီလောက်သောက်နေရသလဲ စိတ်ညစ်လို့ပါပဲဗျာ ကျွန်တော့ရဲ့ နှလုံးသားကို ကုစားဖို့ ကုစားခြင်လို့ပါ ဒါကြောင့် အတိုင်းထက်အမြဲလွန်နေလို့ပါ။