အရက်သမား အာလုပ်သံများ။

၁။ ကျန်းမာရေး ကောင်းမွန်ရမည်။

၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။

၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။

၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။

၅။
အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။

၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။

၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။

၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)
Post အသစ်များ အောက်တွင်ဖတ်ရန်

6/19/2010

အရက်၏ဆိုးကျိုးများ(များစွာသောက်သောက်သုံးလျှင်)

အရက်အလွန်အကျွံသောက်တဲ့သူတွေ ဟာ -

၁. Accidents - ကားတိုက်မှု အပြင် အခြားတိုက်ခိုက်မှု ၊ ခိုက်ရန်ဖြစ်ပွားမှု တွေ ဖြစ်နိုင်တယ် လေ ။

Body ထဲမှာ . Alcohol level 0.05 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၅ ဆ ၊
Alcohol level 0.08 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၂၅ဆ ၊
Alcohol level 0.15 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၈၀ ဆ ပိုပြီးမြင့်တက်လာ ကြောင်း တွေ့ရပါတယ် ။


၂. ကင်ဆာရောဂါ - အထူးသဖြင့် အစာအိမ်ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အသဲ ကင်ဆာ တွေ ဖြစ်နိုင်ပါတယ် ။

၃. အသဲရောဂါ - နှစ်ရှည်အရက်စွဲသောက်သူတွေ မှာ အသဲ ရောဂါ ဖြစ်ကိုဖြစ်တာ တွေ့ရပါတယ် ။ သေဆုံးမှု ဟာလည်း အသဲ ရောဂါဖြစ်ပြီး သေဆုံး တာ အဖြစ်များပါတယ် ။

၎. အစာအိမ်ဝေဒနာ - အရက်မှာပါတဲ့ အဆိပ်ဓာတ်ကြောင့် ရင်ပူခြင်း ၊ အစာအိမ်လောင်ခြင်း အပြင် အစာအိမ်ကင်ဆာ အထိတောင် ဖြစ်နိုင်ပါတယ် ။

၅. သွေးတိုးရောဂါ - သတိမထားမိတဲ့ အချက်တခုပါ ။ အရက်ဟာ သွေးတိုးစေတာတွေ့ရပါတယ် ။ ဒါကြောင့် နဂို သွေးတိုးရှိသူတွေ အရက်သောက်မိရင် ပိုဆိုးလာပါမယ် ။

၆. နှလုံးရောဂါ - အရက်ဟာ သွေးတိုးစေတဲ့ အတွက် နောက်ဆက်တွဲ ပြသနာတွေဖြစ်တဲ့ နှလုံး သွေးကြော ရောဂါ တွေ ကိုပါ ဆက်ပြီး ဖြစ်စေပါတယ် ။ နဂို နှလုံးရောဂါ အခံရှိသူတွေ မှာ နှလုံးရပ်ပြီး သေဆုံးတဲ့ အထိကို ဖြစ်နိုင်ပါတယ် ။

၇. လေဖြတ်ခြင်း - အရက်သောက်သူတွေမှာ အသက်ငယ်ရွယ် သူတွေ အပါအ၀င် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ဖို့ ၈၀ % ရှိနေပါတယ် ။

၈. အ၀လွန်ရောဂါ - အရက်မှာ သကြားဓာတ်ပါဝင်မှုများတာကြောင့် လူကို ၀ စေပါတယ် ။ နောက်ဆက်တွဲ ဆီးချို ရောဂါပါ ဖြစ်နိုင်ပါတယ် ။

၉. အရိုးပွရောဂါ - နှစ်ရှည် အရက်သောက်သူတွေ အရိုးပွ နေတာကို တွေ့ရပါတယ် ။

၁၀. Pancreatitis - ပန်ကရိယ ယောင်တာလဲ ဖြစ်နိုင်ပါတယ် ။ အစာအိမ်ရောဂါနဲ့ ဆက်စပ်နေပါတယ် ။

၁၁. အိပ်မပျော်ခြင်း - တချို့တွေမှာပဲ တွေ့ရတာပါ ။

၁၂. ခုခံအားကျခြင်း - အရေးကြီးပါတယ် ။ အရက်ဟာ body ရဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ စွမ်းအားကို ကျဆင်းစေပါတယ် ။ ဒါကြောင့် အရက်သောက်တဲ့လူတွေဟာ မကြာခဏဖျားခြင်း ၊ ရောဂါ ပိုးဝင်ခြင်း ၊ အနာရင်းခြင်းတွေ အပြင် ဝေဒနာဖြစ်ပြီးရင်လဲ ပျောက်ဖို့ ကြာတတ်ပါတယ် ။

၁၃. စိတ်ဝေဒနာ - အရက်ကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ ( alcohol-related dementia ) ၊ ပိုဆိုးရင် စိတ်ရောဂါ ( Korsakoff’s psychosis) အထိကို ဖြစ်စေပါတယ် ။

အဲ့ဒီရောဂါတွေ အပြင် -

၁၄. စွမ်းဆောင်ရည်ကျဆင်းခြင်း

၁၅. အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းလာခြင်း ၊ တက်ကြွမှုပျောက်ဆုံးခြင်း ၊ လူမှုရေးပြသနာများ ၊ အဆိုးဆုံးက မိမိကိုယ်ကို သတ်သေခြင်း အထိ ကို ဖြစ်စေပါတယ် ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ အရက်သောက်တာ မြန်မာ အမျိုးသမီးတွေမှာ မရှိသလောက် ကို ရှားပါတယ် ။
ဒါကြောင့် ဒီအကြောင်းကို ချန်ခဲ့ပါမယ် ။



Ref ::::: http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:530249

No comments:

Post a Comment