အရက်သမား အာလုပ်သံများ။
၁။ ကျန်းမာရေး ကောင်းမွန်ရမည်။
၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။
၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။
၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။
၅။ အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။
၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။
၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။
၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)

ယာဉ် မောင်သူတွေကို သတိထားဖို့အတွက် ဒီလို တြိဂံပုံ ဆိုဒ်ဘုတ်တွေကို ကားလမ်းတွေမှာ မြင်ဘူးကြမှာပါ။ ဥပမာ- အရှေ့မှာ ကျောင်းရှိရင် လွယ်အိပ်နှင့်ခလေးတွေလမ်းကူးနေတဲ့ ပုံလေးနဲ့ ပြထားကြသလိုမျိုးပေါ့။ အခုဆိုဒ်ဘုတ်ကတော့ ရိုမေးနီးယား နိုင်ငံက မြို့ငယ်လေးတစ်ခုမှာ ကားမောင်းသူတွေအနေနှင့် အရက်သမားများကို သတိထားဖို့ အချက်ပြထားတဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်။ ရိုမေးနီးယားနိုင်ငံ Pecica မြို့လေးဟာ အရက်ဘားဆိုင်တွေအများကြီးရှိတဲ့အတွက်ကြောင့် ကားမောင်းသူတွေကို အရက်ပုလင်းကိုင်ပြီး လေးဖက်ထောက်သွားနေတဲ့ အရက်သမားပုံလေးပြပြီးသတိပေးထားတာဖြစ်ပါတယ်။ ထို Pecica မြို့လေးဟာ နယ်စပ်မြို့လေးဖြစ်တဲ့ အတွက်ကြောင့် ကားမောင်းသူတွေကလည်း ထိုနေရာမှာ ကားကို မြန်မြန်မောင်းတတ်ကြလို့သတိပေးထားတာလဲဖြစ်ပါတယ်။
No comments:
Post a Comment