အရက်သမား အာလုပ်သံများ။

၁။ ကျန်းမာရေး ကောင်းမွန်ရမည်။

၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။

၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။

၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။

၅။
အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။

၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။

၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။

၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)
Post အသစ်များ အောက်တွင်ဖတ်ရန်
Showing posts with label Copy. Show all posts
Showing posts with label Copy. Show all posts

6/19/2010

အရက်၏ ကောင်းခြင်း

"သုရာဧကောဝါယု၊ဒွိ သန္တိတောတိ သက္ကော၊ စတု ဂေါဏော၊ပဉ္စဥမ္မဿကောဝိယ ဘဝိဿတိ။"

သုရာ၊ အရက်ကို၊ ဧကော၊ တစ်ခွက်သောက်သောသူသည်၊ ဝါယု လေကောင်း၏။
ဒွိ၊နှစ်ခွက်သောက်သောသူသည်၊သန္တိတော၊ပညာရှိကြီးများကဲ့သို့  စကားများစွာပြောတတ်၏။
တိ၊သုံးခွက်သောက်သောသူသည်၊သက္ကော၊သိကြားမင်းစည်းစိမ်ကဲ့သို့ ရှိ၏။
စတု၊လေးခွက်သောက်သောသူသည်၊ဂေါဏော၊နွားကဲ့သို့  လေးဘက်ထောက်၍သွားတတ်၏။
ပဉ္စ၊ငါးခွက်သောက်သောသူသည်၊ဥမ္မဿကောဝိယ၊အရူးကဲ့သို့  ကိုယ်ချည်းဗလာသွားတတ်၏။