အရက်သောက်ခြင်းသည်
စိတ်ကိုရွှင်စေ၏။
သွေးလည်ပတ်မှု ကောင်းစေ၏။
အာဝဇ္ဇန်းရွှင်စေပြီး
မိတ်ဆွေအပေါင်းအသင်း ပေါစေ၏။
အရက်သောက်ခြင်းသည်
စိတ်ရွှင်လွယ်စေခြင်းကြောင့်
လွတ်လပ်ပေါ့ပါးသော စကားကို ပြောတတ်၏။
သွေးလည်ပတ်မှု မြန်ခြင်းကြောင့်
စိတ်ခံစားမှု ထိရှမှု လွယ်စေ၏။
အာဝဇ္ဇန်းရွှင်ခြင်းကြောင့်
ကတိကို လွယ်ကူစွာပေးတတ်၏။
ထို့ကြောင့်
အရက်သမားအပေါင်း---- ၊
အို မိတ်ဆွေကောင်းတို့------၊
ကျနုပ်တို့သည်
အရက်၏ ကောင်းကျိုး ဆိုးကျိုးကို
ပိုင်းခြားဝေဖန် ချင့်ချိန်၍----
အရက်၏ တန်ဖိုးနှင့် ကိုက်ညီသော
အကျိုးကျေးဇူးကို လက်မိပိုင်ပိုင်
ဆုပ်ကိုင်နိုင်ကြပါစေလို့ တိုက်တွန်းပါရစေ။
အရက်သမား မောင်တော်
No comments:
Post a Comment