အရက်သမား အာလုပ်သံများ။

၁။ ကျန်းမာရေး ကောင်းမွန်ရမည်။

၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။

၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။

၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။

၅။
အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုအတိုင်း အလုပ်လုပ်နိုင်ရမည်။

၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။

၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌ သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။

၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏ အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
(ကျန်ရှိသည်များ ဆက်လက်ဖော်ပြမည်)
Post အသစ်များ အောက်တွင်ဖတ်ရန်

12/30/2009

နှစ်သစ် အတွက်

မင်္ဂလာ နှစ်သစ်ပါ ညီနောင်အပေါင်းတို့။

ညီနောင်တော်တို့ သည် အရက်ကောင်းကြောင်း၊ မကောင်းကြောင်းများကို အမှုမထားပဲ။ (-------ကြောင်းကို ဆွေးနွေးရေး၊ အကောင်ထည်ဖော်ခြင်းတို့ဖြင့် စိတ်ရှည်ထားပီး အဓိကရည်ညွန်းသောက်ခဲ့သည့်အတွက် ယနေ့ဆိုရင် နှစ်သစ်ကူးတော့မည်။ ဒီနေ့ဆို နှစ်သစ်ကူးပွဲလေး လုပ်တော့မှာမို့ အားလုံးပဲ နှစ်ဟောင်းကို နှုတ်ဆက်ပီး နှစ်သစ်ကို ကြိုဆိုသောအားဖြင့် အရက်သောက်ပွဲ ပြုလုပ်တော့မည်ဟု အာလုပ်စကား ဖိတ်ခေါ်ကြောင်းပါ။

No comments:

Post a Comment